လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Wednesday, November 21, 2012

အလွမ်း သင့် လက်တစ်စုံ

ချစ်သူ..
မျှော်ကာ ကမ်းလှမ်းထားပင်မဲ့
ကြင်နာအနမ်းများ .. ဝေးလွင့်ပါပေ၏

မြင်သာ ခိုးနမ်းခွင့်မရခင်...
ထင်သာစွာ ရင်ထဲက ခံစားချက်ကို ပြသခဲ့လေသည်..။

မြင်သာစွာ မကြည့်လိုက်တဲ့
မင်းအပြုမှုတွေ ကြောင့် .. .မမှီကာ လှမ်းလိုက်ရတဲ့..
ပန်းတစ်ပွင့်လို ...

ခူးစွတ်မရလိုက်တော့ ..
နမ်းခွင့်တောင် မကြုံလိုက်ရသေးပါဘူး ...


အရောင်အသွေးစုံတဲ့ ပန်းကလေးအဖြင့်
လက်တစ်စုံနဲ့ ခူးခွင့်မရထိုက်တဲ့ ..ငါ့အတွက်တော့..
ကြွေကာကျမှ ကောက်ယူခွင့်တော့ မထားတော့ပါဘူး..

ထိပ်ထားကြင်သူ ဘ၀ပေါင်း ရည်စူးထားပင်မဲ့...
ဖြစ်မတည်လာတော့ .. အိမ်မက်သာသာ ..
ကမ်းလှမ်းခဲ့တဲ့ ငါ့လက်တစ်စုံ ပမာ..
အလွမ်းသင့် ကျန်ရစ်သူပါ..။

တစ်ထောင့်တစ်နေ၇ာက (လမင်း)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...