အရှုံးမပေးချင်တဲ့ စကားလုံးတွေနဲ့
သုံးနှုန်းပြီး ကျွန်တော်ရေးပြခြင်သေးတယ်...
အမှန်တွေလား အမှားတွေလား
ရောယှက်နေတဲ့ ဘ၀မှာ အမှန်အမှားကို
မကွဲခြားနိုင်လို့ အသုံးမကြတဲ့ ကောင်ဖြစ်ရတယ်.. ။
ပုထုဇဉ်ပါလို့ ပြောကြတယ်
မှားတဲ့အခါလဲ မှားပါစေတော့
မှန်တဲ့အခါလဲ မှန်ပါစေတော့
လူဆိုတာ အမှားမကင်းနိုင်ကြပါဘူး...။
ဟုတ်ပါတယ်လေး အသိဥာဏ်နဲ့မှားခြင်တွေထပ်
ရူးမိုက်စံကာ မှားခြင်တွေက အပြစ်ပိုဖြစ်ပါတယ်
ရှေးကြတဲ့ စကားလုံး အသုံးနှုန်းတွေ မရေးပါရစေနဲ့
ခေတ်နဲ့အညီ တွေးတော်ပြီး နေကြပါစို့...။
တကယ်တော့ လုပ်သက်နဲ့ အတွေ့အကြုံရှိပါစေ
မဟုတ်တရုပ် အတင်းပုတ်တွေကြောင့်
နားယောင်မမှားလိုက်ပါနဲ့...။
ကိုယ်အားကိုယ်ကိုးဆိုမလား
အသုံးကြတဲ့ ပြုလုပ်ရပ်တွေကို
အသုံးချကြပါစေတော့
အမုန်းပွားနေမဲ့အစား
နှလုံးသားရင်းကာ တူညီစိတ်ထားကြပါစေတော့...။

No comments:
Post a Comment