လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Wednesday, November 21, 2012

စလုံးချစ်သူ......(တကယ့်အဖြစ်ပျက်လေးပါ)

သူနဲ့ကျွန်တော်ကတော်တော်လေးကိုထူးဆန်းတယ် သူမြန်မာပြည်မှာရှိနေတုန်းကသူရှိလို့ရှိမှန်းတောင် ကျွန်တော်မသိခဲ့ပါဘူး

ကျွန်တော်လည်းကိုယ့်သူငယ်ချင်းတွေနဲ့ကိုပေါ့...(ကဲနေတာ) ချက်တင်ဆိုတဲ့အင်တာနက်ကြီးကလည်းခောတ်စားလာတယ်...(ကျူပြီပေါ့လေ)
ဒီလိုနဲ့စလုံးမှာရောက်နေတဲ့...(Sg) ပေါ့နော် သူနဲ့ကျွန်တော်စတွေ့မိတယ် သူများ (acc) ကနေခိုးတာ...လို့မထင်နဲ့နော် မသိမသာယူလိုက်တာ

စပြီးအပ်တယ်ပေါ့လေ အပ်အပ်ချင်းပဲလက်ခံတယ်ဗျ.....ရေစက်ပါတယ်ထင်တယ်နော် အဲ့မှာသူ့ပုံတင်ထားတယ်ဗျ ဘယ်လိုဖြစ်သွားလည်းမသိဖူး ကျွန်တော့်စိတ်တွေ...(မြင်မြင်ချင်း) ကိုချစ်မိသွားတယ်ပေါ့ သူ့နာမည်မေးတော့သူကဖြေတယ် (NN) တဲ့ဒါနဲ့ကျွန်တော်လည်းသူ့ကိုစားလိုက်တယ် (NN) ကကျွန်တော့်သူငယ်ချင်းနဲ့တူတယ်လို့အစပျိုးလိုက်တယ် သူကဟုတ်လားတဲ့ (အင်း)ပေါ့
ဘယ်လိုတူတာလဲတဲ့မျက်နှာမှာမှဲ့ပါလားလို့ကျွန်တော်ကမေးလိုက်တယ် သူ ကပါတယ်တဲ့ ဒါဆိုဟုတ်များနေမလားမသိဖူးလို့ ထပ်ဖောလိုက်တယ် သူကပြန်မေးတယ် ယူ့နာမည်ကရောတဲ့ ကျွန်တော်လည်းပြန်ဖြေလိုက်တာပေါ့ (KZH) လို့ aww....တဲ့ ပြောရအုန်းမယ် အဲ့တုန်းကသူကမြန်မာဖောင့်မရဖူး.ဗျ မြန်းဂလိလိုပြောတာ ဘယ်ရမလဲဒီကမြန်မာလိုအသေကျူတာပေါ့.....(:P) ကဗျာတွေရေး ပိုစ့်ကဒ်တွေပေး (mail) ကနေပြောတာပါ သူကြိုက်တဲ့နှင်းဆီပုံလေးတွေလည်းပါတာပေါ့နော်.....(ပိုက်ပိုက်မှမကုန်တာ) (mail) ကနေပို့တာပဲဟာ ဒီလိုနဲ့ရင်းနှီးလာတယ်ပေါ့လေ အဲ့ဒါနဲ့ တစ်ပါတ်လောက်ကြာတော့ မေးကြည့်တာပေါ့လေ.....(NN) မှာချစ်သူရှိလားပေါ့


(ဘယ်လိုထင်လဲ)တဲ့ ရှိတယ်ပေါ့လေဆိုတော့ (:P) ပြုံးပြတယ်....ပျော်လိုက်တာ ဒါဆိုမရှိဖူးပေါ့လေဆိုတော့ (inn) တဲ့ ထပ်ပျော်သွားတာပေါ့

သူကလည်းမေးတယ် (U) မှာရောတဲ့ (No) ပေါ့ တကယ်လည်းရှိမှမရှိတာ.....ဟိ ဟိ ဒါနဲ့သူကရှာပေးရမလားတဲ့စိတ်ထဲကတော့တော်တော်ပျော်သွားတယ် အင်းလို့ပြန်ဖြေရတာပေါ့ ခက်တာကသူ့မှာလည်းမိန်းကလေးသူငယ်ချင်းမရှိဖူးတဲ့ ဒါဆိုချစ်တဲ့သူရှိရင်ပြောတဲ့ သူပြောပေးမယ်တဲ့ ဘယ်ရမလဲဒီကလည်း ရူးချင်ယောင်ဆောင်တာပေါ့ မပြောရဲဖူးလို့ပြန်ပြောလိုက်တယ် သူသင်ပေးမယ်တဲ့ တကယ်လားပေါ့ (inn) တဲ့ သင်ပေးပေါ့ ဘယ်လိုသင်ပေးရမလဲတဲ့ (NN) ကိုယ်တိုင်သင်ပေးလေဆိုတော့ နုံတယ်တဲ့...ဟ ဟ ကဲထားလိုက်ပါတော့....ဒီလိုနဲ့သူနဲ့ကျွန်တော်ချစ်သူတွေဖြစ်သွားတယ်ဆိုပါတော့ အွန်လိုင်းမှာ သူကအဲ့ချိန်တုန်းက (Sg) မှာပဲရှိသေးတယ်လေ သူပြန်လာတော့မယ်တဲ့....ပျော်လိုက်တာဗျာ ရင်ထဲမှာ ဒါပေမဲ့သူကျွန်တော့်ဆီလာမယ်မထင်ထားဖူး ဟုတ်တယ်လေ အင်တာနက်ထဲမှာတွေ့ တယ်

ချစ်သူဖြစ်တယ် ပြီးတော့သူက နိုင်ငံရပ်ခြားမှာ ကိုယ့်ဆီလာမယ်လို့ဘယ်လိုမှမထင်ထားဖူး ပြန်ရောက်ရင်......ဒီလိုနဲ့သူပြန်လာမဲ့ရက်ကိုပြောတယ် သူ့အတွက်သူကြိုက်တဲ့ ပန်းဆီး နှင်းဆီပန်းရောင်လေးတစ်စီးဝယ်ထားပါတဲ့.........အဲ့နေ့ ကဗျာ......ရှာလိုက်ရတာ လှည်းတန်းဈေးတစ်ခုလုံးမွစာကြဲရော စိတ်ထဲမှာလည်းတစ်ထင့်ထင့်နဲ့ပေါ့လေ သူလာမှလာပါ့မလားလို့........ကျွန်တော်ရှာနေတာနေ့လည်တည်းက စိတ်တိုင်းကျတဲ့နှင်းဆီပန်းရောင်ကိုမတွေ့ သေးဖူး ဒီလိုနဲ့ညနေစောင်းတော့ သူရောက်လာတယ်ကျွန်တော့်ဆီကို ကျွန်တော်ကတော့ရှာတုန်းပေါ့ဗျာ.....ဈေးမှာ နောက်ဆုံးမရရတာပဲဝယ်ပြီးပြန်လာတယ် ပြန်လာတော့သူကထိုင်စောင့်နေတယ် သူငယ်ချင်းတွေကလမ်းမှာပြောတယ် မင်းကိုလာစောင့်နေတဲ့ကောင်မလေးတစ်ယောက်တွေ့ ခဲ့တယ်တဲ့ တော်တော်မိုက်တယ်လည်းပြောတယ် ရင်တွေခုန်လိုက်တာဗျာ.....

နတ်ပူးသလားတောင်ထင်ရတယ် ရင်တစ်ခုလုံးဝုန်းဒိုင်းကိုကျဲနေတာ သူ့ကိုတွေ့တော့ကျွန်တော်ဘာပြောရမှန်းမသိဖူး သူကလည်းခေါင်းကြီးငုံ့ထားတယ်ဗျ........ရှက်နေတာထင်တယ် ကျွန်တော်လည်းစမေးလိုက်တယ် ရောက်နေတာကြာပြီလားလို့ အင်းတဲ့.မျက်နှာလေးကပန်းရောင်သန်းသွားတာတွေ့ လိုက်တယ် ရှက်သွေးဖြာနေတာလေ....(ချစ်သူ)လေးက ပုံလေးပဲမြင်းပြီးချစ်ခဲ့ရတဲ့ချစ်သူလေးကို အနီးကပ်တွေ့လိုက်ရတော့ ရင်ထဲမှာတစ်မျိုးကြီးပဲဗျာ.........ချက်ချင်းပဲပွေ့ဖက်ပြီး (နမ်း)လိုက်ချင်တယ်......

ကျွန်တော်မလွန်ပါဖူးနော်.....သူကအရမ်းချစ်ဖို့ကောင်းနေတာကို ခုစာရေးနေရင်းနဲ့တောင် ပြန်မြင်ယောင်လာတယ် စစတွေ့တဲ့နေ့လေးကို သူကမလာခင်တည်းကကြိုမှာထားတယ်ဗျ ရှောက်သီးသုပ်နဲ့သဘောင်္သီးထောင်းစားချင်တယ်လို့ ကျွန်တော်လည်းသူစားချင်တာမှာပေးရတာပေါ့ ဒါနဲ့စကားတွေပြောကြာတာပေါ့ သူကအပြင်သွားစရာရှိသေးတယ်လိုက်မလားတဲ့ မခေါ်လည်းလိုက်မယ်လို့ပြောလိုက်တော့...ရယ်နေတယ် ချစ်လိုက်တာဗျာ........သူရယ်နေတာလေးကိုကြည့်ပြီး ဒါနဲ့နာရီကြည့်တော့ခြောက်နာရီကျော်နေပြီ အပြန်နောက်ကျနေမယ် သွားမယ်လေလို့ပြောတော့ အင်းတဲ့

ဒီလိုနဲ့သူသွားချင်တဲ့နေရာလိုက်ပို့ပေးလိုက်တယ် ပြီးတော့သူပြန်ရအောင်ကားငှားပေးလိုက်တယ်......မပြန်ခင်နောက်နေ့ လာမှာလားဆိုတော့ မလားဖူးတဲ့...စသွားတာလေ......တော်တော်ခံစားလိုက်ရတယ် ကျွန်တော်မျက်နှာမကောင်းတာမြင်မှ လာမှာပေါ့တဲ့....ပျော်လိုက်တာချစ်သူရယ်...... ပြောရအုန်းမယ်...သူကကျွန်တော်ဆီလေယာဉ်ကွင်းကနေတန်းလာတာဗျ....တွေ့ချင်လွန်းလို့လေ
ဒီလိုနဲ့သူနဲ့ကျွန်တော်ခဏခဏတွေ့ ဖြစ်တယ် သူကျွန်တော့်ဆီမကြာခဏလာလာလည်တယ် နောက်ပိုင်းသူနဲ့ကျွန်တော်မတွေ့ရမနေနိုင်အောင် တစ်ယောက်ကိုတစ်ယောက်ချစ်မိသွားကြတယ် ဒီလိုနေလာခဲ့တာ တစ်နှစ်ကျော်လောက်ရှိမယ် အဲ့ဒါကိုသူ့အိမ်ကရိပ်မိသွားတယ်ထင်တယ်

သူ့ကိုအိမ်အပြင်ပေးမထွက်တော့ဖူးလေ....ခံစားကြည့်ဗျာ....ကျွန်တော်ဘယ်လိုနေရမလဲ သူ့မွေးနေ့နဲ့ကျွန်တော့်မွေးနေ့ကသိပ်မကွားဖူးဗျ......သူကဒီဇင်ဘာ (19) ကျွန်တော်က ဒီဇင်ဘာ (22) နေ့ လေ ကျွန်တော့မွေးနေ့ပြီးတော့ သူနဲ့ကျွန်တော်မမျှော်လင့်ပဲ ကျိုက်ထီးရိုးဘုရားတူတူဖူးခွင့်ရတယ် ကျွန်တော့်အကိုတွေနဲ့လေ ပျော်လိုက်တာဗျာ....ရင်နဲ့မဆန့်အောင်ပါပဲ ချစ်သူနဲ့ခရီးတူတူထွက်ရတာ ဘယ်လောက်ပျော်ဖို့ကောင်းလဲနော် သွားဖူးတဲ့ချစ်သူတိုင်းသိမှာပါ....ဟုတ်တယ်ဟုတ် တောင်ပေါ်ကပြန်ဆင်းတော့ သူငယ်ချင်းတွေအကိုတွေက ခြေချင်ဆင်းမယ်တဲ့ သူကလည်းကိုရောဆင်းမှာလားတဲ့ အင်းလို့ ချစ်ရောဆင်းနိုင်လို့လားဆိုတော့ ကိုပါတာပဲဆင်းမှာပေါ့တဲ့ဗျာ.....ဖြစ်ချင်တော့ကျွန်တော်တို့ဆင်းတာ ညနေစောင်းဆိုတော့ မိုးချုပ်ခါနီးနေပြီဗျ လမ်းမှာသူနဲ့ကျွန်တော်ငှက်သိုက်မုန့်ဝင်ဝယ်နေတုန်း သူငယ်ချင်းတွေနဲ့လူစုကွဲသွားတယ် နှစ်ယောက်တည်းကျန်ခဲ့ပါရော မိုးကလည်းတော်တော်ချုပ်လာပြီ ဓါတ်မီးလည်းမပါဖူး နှစ်ယောက်သား

တစ်ယောက်လက်ကိုတစ်ယောက်တွဲးပြီးဆင်လာလိုက်တာ ခြေထောက်တောင်မသယ်ချင်တော့ဖူးဗျာ......သူ့မျက်နှာလေးမှာလည်းချွေးတွေနဲ့ပေါ့
ကျွန်တော်မေးတယ်ရလားချစ်ဆိုတော့ အင်းတဲ့အားတင်းပြီးလျှောက်ရှာပါတယ် ကံကောင်းချင်တော့လမ်းမှာဆိုင်တစ်ဆိုင်သွားတွေ့ တယ်
ဓါတ်မီးရှိလားဆိုတော့ရှိတယ်တဲ့ ပျော်သွားတာပေါ့နှစ်ယောက်လုံး ဟုတ်တယ်လေ လမ်းတစ်လျှောက်လုံး မီးတုတ်လည်းမရှိဓါတ်မီးလည်းမရနဲ့ ခလုပ်တွေတိုက်တာ ခြေထောက်တွေလည်းပေါက်နေပြီ ဓါတ်မီးလေးပါတော့ တော်သေးတာပေါ့ တောကြီးတောင်ကြီးထဲမှာ ကျွန်တော်တို့လိုဆိုဘယ်သူမကြောက်ပဲနေမလဲ ကွဲသွားတဲ့သူငယ်ချင်းတွေကလည်း သူတို့ရှေ့မှာထင်ပြီးမစောင့်ဖူးလေ ဒီလိုနဲ့အားတင်းပြီးလျှောက်လာခဲ့တာ ညရှစ်နာရီလောက်ရောက်မှ တောင်အောက်ကိုရောက်တယ် သူငယ်ချင်းတွေအကိုတွေဆိုတာ ကျွန်တော်တို့နှစ်ယောက်ကိုစိတ်ပူနေကြတာလေ တောင်အောက်ရောက်မှ စိတ်အေးရတော့တယ် သူလည်းတော်တော်ပင်ပန်းနေပြီ သနားလိုက်တာဗျာ.......သူ့ခြေထောက်လေးတွေဆို ထိမိခိုက်မိထားတာ သွေးလေးတွေတောင်စို့လို့..... ဘာပဲဖြစ်ဖြစ်ဒီခရီးလေးကို သူရောကျွန်တော်ရောပျော်တယ် ပိုပြီးတော့လည်းနှစ်ယောက်သားအချစ်တွေခိုင်မြဲသွားတယ်လို့ထင်ရတယ် အဲ့ကပြန်ရောက်ပြီး နောက်ပိုင်းမှာတော့ သူနဲ့ကျွန်တောသိပ်မတွေ့ ဖြစ်တော့ပါဖူးဗျာ...... သင်္ကြန်နှစ်ရက်သွားတွေ့ တယ် သူ့အိမ်ကို သူ့အမေတွေမသိအောင် လွမ်းလိုက်တာချစ်လေးရယ်...........ခုပိုတောင်ဝေးသွားသလိုပဲ ကျွန်တော်ကသန်လျှင်မှာ သူကရွှေပြည်သာမှာ
ဒါပေမဲ့ကျွန်တော်စိတ်ဓ်ါတ်မကျပါဖူး........ကျွန်တော်အလုပ်ကြိုးစားနေတာ

သူ့နဲ့နီးဖို့ဆိုတဲ့စိတ်လေးနဲ့တင် ဝေးနေရတာကိုအနားမှာသူရှိနေသလိုခံစားရစေတယ် စလုံးချစ်သူလေးရေ........ကိုမင်းကိုဘယ်တော့မှမမေ့ဖူးဆိုတာဒီစာလေးနဲ့သက်သေပြလိုက်တယ်နော်.......။ ။
ဒီစာလေးကိုဖတ်ရတဲ့သူငယ်ချင်းတွေလည်း.....ချစ်သူနဲ့ဝေးရခြင်းဒုက္ခမှကင်းဝေးကြပါစေ..........ဗျာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...