လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Wednesday, November 21, 2012

နံပါတ်တစ်

အရွယ်သုံးပါး ..
ကွာခြားသောလည်း ဘ၀မခြားနားသေးပါ..
သင်ဘာကိုလုပ်မှာလည်း .. ဘယ်အထိလျှောက်မှာလည်း..

သင့်လုပ်ရက်တွေမှန်နေသမျှ သင့်ကိုချီးမွမ်းခန်း ဖွင့်နေကြမှာပါ..
ဘယ်လိုသေသွားတာလည်း အရေးမကြီးပါဘူး..
ဘယ်လို ရှင်သန် ဖြတ်သန်းခဲ့လည်းဆိုတာ အရေးကြီးပါပေ၏

အလင်းနဲ့ အမှောင်လို .. ကွာခြားချက်များအကြား
အားသာချက် အားနည်းချက်တွေ အတွက်..
ညီမျှခြင်း တစ်ခုတည်းဖြစ်အောင် ဖန်တီးဖို့ ခက်ပါပေ၏

ငယ်သမျှ ဆရာ မကြပေမဲ့..
မှန်သမျှကိုတော့ လုပ်ပိုင်ခွင့်အပြည့်ရှိပါတယ်..
ပုံစံခွက်တွေနဲ့ ထုစစ်ခံမနေပါနဲ့..


ရည်မှန်းချက်တွေ လျှောက်လမ်းနိုင်အောင်
ငယ်ရွယ်တဲ့ စိတ်ဓာတ်က အားအရှိဆုံးပါ
ပင်ပန်းတာဆိုတာ မင်းတို့ ဘ၀ အောက်ဆုံးအထိကျခဲ့လားလို့..
မှန်ကြည့်ကာ ပြန်သာမေးကြည့်ပါ..

ကိုယ်တိုင်လုပ်မှာ ကိုယ်တိုင်ဖြစ်မှာပါ..
အမှီရှိတိုင် ဘုရားဖွင့်တယ်ထားအုန်း...
အရှင်က သူလျှောက်မဲ့ လမ်းကို လျှောက်သွားခဲ့တာပါ..
ဥာဏ်နဲ့ ယှဉ်ပြီး နားလည်ပါ..။

နံပါတ်တစ် မင်းရင်ထဲ အရေးကြီးတဲ့အရာက
ဖြူစင်ကြယ်တဲ့ တရားဆိုတာ မင်းသိပါပေတော့ ...။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...