လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Wednesday, November 21, 2012

မိမိ ဘလော့ကို Andriod ဖုန်းမှ ကြည့်ရန်

ကျွန်တော့် ဘလော့လေးကို Andirod ဖုန်းကနေကြည့်လို့ရအောင် ကို ဖြူသားလေး လုပ်ပေးထား လို့ ပြန်လည်ဖော်ပြလိုက်ပါတယ်။ ပေးထားတဲ့လင့်ကနေ App လေးဒေါင်းပြီး Andriod ဖုန်းထဲမှာ install လုပ်ထားရင် ကျွန်တော့် ဘလော့ကို ဖုန်းကနေကြည့်လို့ရပါပြီ။ အစ်ကို ဖြူသားလေးကို အရမ်းကို ကျေးဇူးတင်ပါတယ်။ အဲလိုပဲ မိမိတို့ဆိုက်တွေကိုလည်း လုပ်ချင်တယ်ဆိုရင် တခါတည်းပြောပြပါ့မယ်။ လွယ်လွယ်လေးပါ။ အရင်ဆုံး အောက်ဆုံးမှာပေးထာသော လင့်လေးကိုအရင်သွားပါ။
အဆင့်(၁) ဒီလင့် လေးကိုသွားပါ။

အဆင့်(၂) အဲဒီအပေါ်ကပုံလေးလို ပေါ်လာပြီဆိုရင် CREATE NOW ! ဆိုတာကိုကလစ်ပေးပါ။ ပြီးရင် Website ကိုကလစ်ပေးပါ။ Website URL မှာ မိမိတို့ ဆိုက်လင့်ကိုထည့်ပါ။ App name မှာမိမိတို့လိုချင်သော နာမည်ကိုရိုက်ထည့်ပါ။ ပြီးရင် create ဆိုတာကိုနှိပ်ပါ။
 

အဆင့်(၃) အပေါ်ကအဆင့်ပြီးရင် အောက်ကပုံလို လိုအပ်သော နာမည် ၊ Email ထည့်ပါ။ ဖြည့်ပြီးရင် I agree with the Team of Service မှာအမှန်ဖြစ်လေးထည့်ပါ။Email နဲ့ password မှာ မိမိစိတ်ကြိုက်ဖြည့်နိုင်ပါသည်။ Blog Email နဲ့ password မဟုတ်ပါ။
ပြီးရင် SIGN UP ဆိုတာကိုကလစ်ပေးပါ။
အဆင့်(၄) အောက်ကပုံလိုပေါ်လာပြီဆိုရင် သူများတွေကို မိမိလင့်လေးပေးဖို့အတွက် Your user can download your app from ဆိုတာကို ကလစ်ပေးလိုက်ပါ။ ဒါဆိုရင် ဒေါင့်လော့လင့်လုပ်ပြီးဖြစ်ပါသည်။
center; "">
အဆင်ပြေပါစေ....
အားလုံးကိုလေးစားလျက်......

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...