လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, February 16, 2012

စစ်တွေကမ်းခြေရှိ ဘန်ဂလိုများ ခွင့်ပြုချက်ရလျှင် ချက်ချင်းဖွင့်မည်

စစ်တွေ၊ ဖေဖော်ဝါရီ- ၈
 
 
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပင်လယ်ကမ်းခြေတွင် တည်ဆောက်လျက်ရှိသည့် ဘန်ဂလိုများအား သက်ဆိုင်ရာမှ ခွင့်ပြုချက်ရသည်နှင့် ချက်ချင်းဖွင့်လှစ်မည် ဖြစ်ကြောင်း စစ်တွေကမ်းခြေရှိ ဘန်ဂလိုတည်ဆောက်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ပြည်တွင်း၊ ပြည်ပက ခရီးသွားဧည့်သည်တွေအဆင်ပြေစွာနဲ့ တည်းခိုစေနိုင်ဖို့အတွက် ဆောက်လုပ်ထားခြင်းပါ။ ဒီဘန်ဂလိုတွေ အားလုံး ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ကတည်းကနေပြီးစီးနေတာပါ။ ဖွင့်လှစ်ဖို့အတွက် သက်ဆိုင်ရာ ဆီခွင့်ပြုချက်တင်ထားတာလည်း ငါးလကျော်ရှိနေပါပြီ။ ခွင့်ပြုချက်ရတာနဲ့ ချက်ချင်းဖွင့်လှစ်ပေးသွား မှာပါ”ဟုတာဝန်ရှိသူကပြောသည်။
  

အဆိုပါ ဘန်ဂလိုများမှာ စစ်တွေကမ်းခြေအတွင်း ၃ ဧက ကျော်ကျယ်ဝန်းသည့် မြေနေရာ တွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး စစ်တွေကမ်းခြေတွင် ပထမဆုံး တည်ဆောက်ထားသည့်ဘန်ဂလိုများဖြစ်ကြောင်း သိရသည်။ ပြည်တွင်း၊ ပြည်ပမှ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည် များအတွက် ပင်လယ်ကမ်းခြေ တွင် စိတ်အေးချမ်းသာစွာ တည်းခိုနိုင်ရန် စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။ ရခိုင်ဒေသသည် ကမ္ဘာလှည့် ခရီးသည်များစိတ်ဝင်တစားလာ ရောက်လည်ပတ်လေ့ရှိသည့် ဒေသတစ်ခုဖြစ်သည်နှင့်အညီ ကမ္ဘာလှည့်ခရီးသည်များ ရခိုင်သို့ လာရောက်လည်ပတ်ကြသည့်အခါ ရန်ကုန်မှ စစ်တွေသို့ ဦးစွာလာရောက်လေ့ရှိကြပြီး ထိုသို့ စစ်တွေ၌ လည်ပတ်နေစဉ်အတွင်း စစ်တွေရှိ ဟိုတယ်ကြီးများနှင့် စစ်တွေပင်လယ်ကမ်းခြေတွင်ရှိသည့် စစ်တွေဟိုတယ်၌ တည်းခိုလေ့ရှိ
ကြောင်း သိရသည်။     ယခုအခါ စစ်တွေပင်လယ် ကမ်းခြေတွင် တည်းခိုလိုသည့် ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များအနေဖြင့် ကမ်းခြေရှိစစ် တွေဟိုတယ်၌ တည်းခိုနိုင်သည့်အပြင် ဘန်ဂလိုများ ဖွင့်လှစ်ပါကလည်း အဆိုပါဘန်ဂလိုများတွင် စိတ်အေးချမ်းသာစွာတည်းခိုနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...