လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, February 16, 2012

စာသင်ခန်းထဲက ကြိမ်လုံးနှင့် ယနေ့ပညာရေး

 
 
အခြေခံပညာ  မူလတန်းကျောင်းဝင်းအတွင်းတိတ်ဆိတ်ငြိမ်သက်မှုက ကြီးစိုးနေသည်။ စာသင်ခန်းအတွင်း ကျောင်းသား၊ ကျောင်းသူများ မိမိထိုင်ခုံနေရာတွင် တည့် တည့်ထိုင်၍ ရှေ့တွင်စာပြနေသောဆရာမ၏ သင်ကြားပို့ချချက်များ ကို ငြိမ်သက်စွာခံယူနေကြသည်။ ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ မူလတန်းကျောင်း
လေးအတွင်း စာသင်ခန်းတစ်ခု၏  မြင်ကွင်းဖြစ်သည်။


မြန်မာနိုင်ငံရှိ အခြေခံ ပညာကျောင်းများ၌ စာသင်ခန်း အတွင်းစာသင်ချိန်တွင် ကျောင်း သားတစ်ဦးနှင့် တစ်ဦးစကားပြော ဆိုခြင်းကို ကန့်သတ်ထားပြီးဆရာ၊ ဆရာမ များ၏ သင်ကြားပို့ချချက်များကို   ပြန်လှန်မေးခွန်း ထုတ် ဆွေးနွေးသော  အလေ့အထမှာ မရှိသလောက်နည်းပါးနေသည်။ ကျောင်းသား၊ကျောင်းသူ များသည် ဆရာ၊ဆရာမနှင့် ကျူ ရှင်များအပေါ်တွင် အလွန်အမင်းမှီခိုအားထားနေခြင်းကြောင့် ကိုယ်တိုင်  လေ့လာသင်ယူခြင်း၊ စဉ်းစားတွေးခေါ် သုံးသပ်ခြင်းကဲ့သို့ ကျောင်းသား ဗဟိုပြုသင် ကြားရေးစနစ်ပီပြင်စွာပေါ်ထွန်းလာရေး၊စာသင်ခန်းတွင် ဆရာနှင့် အပြန်အလှန်ဆွေးနွေးခြင်း၊ ကျောင်းသား၊ကျောင်းသူများ အချင်းချင်း ဆွေးနွေးခြင်း နည်းလမ်းများဖြင့် ကိုယ်တိုင်လေ့လာသင်ယူမှုဖွံ့ ဖြိုးလာစေရန် ပြောင်းလဲသွားရ မည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၁၆)အခြေခံပညာ  အထက်တန်းကျောင်းသို့ ယခင်နှစ် ဇူလိုင်လတွင် ရောက်ရှိခိုက် ပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရနှင့် ပညာ ရေးဝန်ကြီးဌာနက အခြေခံပညာ ကျောင်းများတွင်ဆရာဗဟိုပြု ပညာသင်ကြားနည်း စနစ်ကျင့်သုံး နေရာမှကျောင်းသားဗဟိုပြုပညာသင်ကြား နည်းစနစ်ကို ပြောင်းလဲ ကျင့်သုံးရန် စတင်ကြိုးပမ်းအား ပေးလာခဲ့သည်။  သို့သော် နိုင်ငံ တစ်ဝန်းရှိ အခြေခံပညာစာသင် ခန်းအများစုတွင်ဆရာ၊ဆရာမ များ သည် ကြိမ်လုံးအသုံးပြု၍ စာသင်ကြားခြင်းများရှိနေဆဲဖြစ်ပြီး ဆရာနှင့်  ကျောင်းသားအပြန်အလှန် ဆွေးနွေးသင်ကြားခြင်း၊ စာသင်ချိန်တွင် ကျောင်းသူ၊ကျောင်းသားအချင်း ချင်းပြောဆိုဆွေးနွေး လေ့လာခြင်းအလေ့အထများ ကျယ်ပြန့်လာ စေရန်အခက်အခဲများရှိ နေဆဲဖြစ်သည်။
“ကြိမ်လုံးနဲ့ ကျောင်းသား ဗဟိုပြုသင်ကြားနည်းနဲ့က ဆန့် ကျင်ဘက်ပါပဲ။ကြိမ်လုံးက အ ကြောက်တရားနဲ့ကျောင်းသားကို ကိုင်တွယ်တာပါ။

 တကယ်တော့ကျောင်းသား ဗဟိုပြုသင်ကြား နည်း ကိုသွားမယ်ဆိုရင်တုတ်တစ် ချောင်းမှမရှိသင့်ပါဘူး။ခေတ်မီတိုးတက်တဲ့စနစ်ကို ကျင့်သုံးနေတဲ့ကျောင်းတွေမှာကြိမ်လုံးရှိစရာ အကြောင်းမရှိ ပါဘူး”ဟု နှစ်ပေါင်းသုံးဆယ်ကျော်  ပညာရေးနယ်ပယ်တွင် လုပ်ကိုင်နေသောကျောင်းသား ဗဟိုပြုသင်ကြားနည်းစနစ် ဆိုင်ရာကျွမ်းကျင်ဆရာမတစ်ဦး ကပြောသည်။    ကျောင်းသားဗဟိုပြုသင် ကြားနည်းသည် ကလေးများ၏ အာရုံခံစားနိုင်မှုစွမ်းရည်ကို အသိအမှတ်ပြု၍ ထိုအာရုံခံစားမှုကို တုံ့ပြန်စေမည့်ခိုင်မာသောအတွေ့အကြုံများမှ တစ်ဆင့်အသိပညာ နှင့်   ကျွမ်းကျင်မှုများကိုကိုယ် တိုင်အသိပညာဖြင့် တည်ဆောက်ယူစေခြင်းဖြစ်သည်။

ကျောင်းသားများအား အ လွတ်ကျက်မှတ်၍ပြန်လည်ဖြေဆို စေခြင်း၊ကျောင်းသားမှ မေးခွန်း များမေးခြင်းကို ဆူပူကြိမ်းမောင်း ခြင်း၊စာသင်ခန်းတွင် စကားပြောဆိုနေ ခြင်းကိုပိတ်ပင်ခြင်း၊ကျောင်းသားကို ကြိမ်လုံးအသုံးပြုကိုင် တွယ်ခြင်းတို့သည် ကျောင်းသား ဗဟိုပြုသင်ကြားနည်းအောင်မြင် စွာကျင့်သုံးနိုင်ရန်အတွက် အတားအဆီး များ ဖြစ်နေကြောင်း ပညာ ရှင်များကဝေဖန်ထောက်ပြသည်။

“ကြိမ်လုံးအသုံးပြုမှုဘယ်လောက်အတိုင်းအတာထိရှိနေလဲ ဆိုတာတော့ မလေ့လာထားတော့ မသိပါဘူး။ဒါပေမဲ့ကြိမ်လုံးမရှိတဲ့ ကျောင်း စာသင်ခန်းဆိုတာတော့ မရှိပါဘူး။ ကျောင်းတွေ အများကြီးရောက်ဖူးပါတယ်။ တွေ့ရသလောက်တော့ကြိမ်လုံးမရှိတဲ့ကျောင်းတွေမကြုံဖူး ဘူး။ကြိမ်လုံးက  control  (ထိန်းချုပ်) လုပ်နိုင်တဲ့အရာ ပေါ့။ တုတ်နဲ့ ရိုက်ချင်မှ ရိုက်မယ်။တုတ်တစ်ချောင်းရှိတယ်ဆိုတာ ကလေးတွေရဲ့ အာရုံကိုဆွဲဆောင် လို့ရတယ်။ သင်ပုန်းပေါ်မှာရှိတာ ကို ညွှန်ပြချင်ရင် ဆရာမကကြိမ် လုံးနဲ့ ညွှန်လိုက်တာပါပဲ။ကလေး တွေစကားပြောနေတဲ့အချိန် အာရုံဆွဲဆောင်ချင်ရင် ထရံကိုတုတ်နဲ့ရိုက်လိုက် တယ်။ အဲ့ဒါက ဘာကို ဆိုလိုလဲဆိုတော့ မငြိမ်ရင် ဒီဟာနဲ့ ရိုက်မယ်လို့ ကလေးကနားလည် ထားတာလေ”ဟု သင်ကြားရေး နည်းစနစ်ဆိုင်ရာပညာရှင်ဖြစ်သူက ဆိုသည်။

အခြေခံပညာကျောင်းများ တွင်ကျောင်းသားများအား ရိုက်နှက်ဆုံးမခြင်း၊ ဆူပူမာန်မဲခြင်းဖြင့် လိမ္မာရေးကြားရှိလာစေရန်၊ပညာ တတ်မြောက်စေရန် သွန်သင်နေခြင်းများ သည်ခေတ်စနစ် အခြေအနေများနှင့် ကွာခြားမှုများရှိလာနေသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...