လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, February 16, 2012

ဟိုတယ်အခန်းရရှိရန် အခက်အခဲ ၀န်ကြီးဌာနသို့တင်ပြ

ရန်ကုန်၊ဇန်န၀ါရီ-၂၆
 
 
ဟိုတယ်များတွင် အခန်းရရှိမှုခက်ခဲနေခြင်းနှင့် ကြုံတွေ့နေရ သော အခက်အခဲများအား သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ တင်ပြပေး ရန်တောင်းခံလာကြောင်း သတင်း ရရှိသည်။
“စာချုပ်ကိစ္စ စောင့်ဆိုင်း စာရင်းနဲ့ ဖျက်သိမ်းခြင်းကိစ္စတွေမှာ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို တင်ပြဖို့ တောင်းခံလာတာပါ” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အဆိုပါ အခက်အခဲများ အား ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူများကြား ၀န်ကြီးဌာနက ညှိနှိုင်းပေးရန်အတွက် ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။
“ဟိုတယ်တွေက အထိန်းအကွပ်ကို မရှိဘူး။ လုပ်ချင်တိုင်းလုပ်နေကြတာ စာချုပ်ချုပ်ထား ပြီး ပြန်ဖျက်ချင်ရင် ဖျက်တာပဲ” ဟု ဒဂုံမြို့နယ်အခြေစိုက်ခရီးသွား လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။    ထို့အပြင် ဟိုတယ်အခန်းခဈေးနှုန်းများမှာ ၅၀ ရာခိုင်နှုန်းခန့် ဈေးတက်သွားပြီး  အခန်းငှားရမ်း၍ မရဖြစ်နေကြောင်း ခရီးသွား
လုပ်ငန်းရှင်များက ဆိုသည်။


ရန်ကုန်မြို့ရှိ ဟိုတယ်အများစုမှာ ဆက်သွယ်လာသောပြည်ပ ကုမ္ပဏီများသို့ တိုက်ရိုက်ရောင်းချမှုများရှိလာသဖြင့် ယင်းသို့အခန်းမရရှိခြင်းဖြစ်ကြောင်း သတင်းရရှိ
သည်။  “နိုင်ငံခြား ကုမ္ပဏီတွေနဲ့ ကျွန်တော်တို့ဘယ်လိုမှ မယှဉ်နိုင်ဘူး။  ကျွန်တော်တို့က  ၇ ရာခိုင်နှုန်းပေးရတယ်။ သူတို့က ပေးစရာမလိုဘူး”ဟု ခရီးသွားလုပ်ငန်း ရှင်တစ်ဦးက ဆိုသည်။ထို့အပြင် ယခင်က ဟိုတယ် တွင် ဧည်သည်တည်းခိုပြီးမှ အခန်း ခပေးချေရသော်လည်း ယခုနောက်ပိုင်း၌ အချို့ဟိုတယ်များမှာ အ
ခန်းခကြိုတင်တောင်းခံလာကြောင်းသတင်းရရှိသည်။
“မြန်မာနိုင်ငံက ခရီးသွား လုပ်ငန်းက အခုမှ စကောင်းစပဲရှိ သေးတယ်။ ဒါမျိုးတွေဖြစ်နေရင် နာမည်ပျက်လိမ့်မယ်”ဟုစီးပွားရေးပညာရှင်တစ်ဦးကပြောသည်။
မြန်မာနိုင်ငံသို့ ခရီးသွား ဒေသအသစ်အဖြစ် လာရောက်မှုမြင့်တက်လာနေသော်လည်း ကမ္ဘာ့စီးပွားရေး အခြေအနေမှာ ကောင်းမွန်ခြင်းမရှိသေးကြောင်း
သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...