လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, February 16, 2012

အမှောင်ထဲက ကျွန်တော်



***************************************************
အမှောင်ထဲက ကျွန်တော်

အလင်းတန်းလေး တစ်စတစ်စ တွေ့ပြီလို့ ထင်လိုက်တိုင်း
မျက်စီမှိတ် တစ်ခဏမှာဘဲ ပျောက်ပျောက်ကွယ်သွားတယ်...။

အမှောင်ထဲမှာ ထွန်းညှိထားတဲ့ ကျွန်တော့်ရဲ့ ဆီကုန်ခံနီး
မီးခွက်လေးလည်း အရောင်မှိန်လာပြီ..

အလင်းကိုလိုအပ်လို့ လိုက်ရှာတိုင်းလည်း အမှောင်ထဲကို အကြိမ်ကြိမ်
ပြန်ရောက်လို့သွားတယ်..



ဟိုတိုက်ဒီတိုက်နဲ့ ဘ၀အမှောင်ထဲမှ အလင်းတစ်ပွင့်ကို ကြိုးစားရှာရတာ
မျှော်လင့်ရတာ နေ့ရက်တွေ တစ်ရက်ပြီးတစ်ရက် ကုန်လာပါပြီး..

အမှောင်ထဲကလျှောက်ရင်း အလင်းကိုရရှိဖို့ တစ်ကြိမ်တိုင်း တစ်ကြိမ်တိုင်း
ရုန်းကန်ရင်းကြိုးစား တိုးတက်ဖို့ လမ်းကြောင်းတွေအပေါ် လျှောက်လှမ်းရတာ..
တစ်ခါတစ်ခါ ခြေကုန်လက်ပန်းကို ကျပါတယ်..။

စိတ်ဓာတ်တွေကျသွားရုံနဲ့ ရှေ့ဆက်ဖို့ မပီးသေးဘူးဆိုတာ
သိတဲ့အချိန်တိုင်းဟာ.. အဆင်ပြေဖို့ အသက်ပြင်းတွေချရင်း..
စဉ်းစားရတာကလည်း နေ့ရက်တွေ တစ်ရက်ပီးတစ်ရက် ကုန်ဖို့ ဖြတ်သန်းသွားရအုံးမယ်..။

အဲ့ဒီအတွက် ခွန်အားတွေ မွေးဖွားရမယ်.. ပြောနေရုံနဲ့မပီးသေးဘူးလေ
လူဆိုတာ ဘာမှမလုပ်ရင် ဘာမှ မဖြစ်လာဘူးဆိုတာ ကျွန်တော်တို့တွေသိတယ်..

အလင်းတစ်ပွင့်ကိုရဖို့ အမှောင်ထဲက ရုန်းလို့မရသေးသော ကျွန်တော်
နောက်တစ်ခါ ဖြတ်သန်းဝင်ရောက်လာမဲ့ အလင်းတန်းတစ်ပွင့်ကို
မိမိရရ ဖမ်းဆုပ်ကိုင်လိုက်တော့မယ်...

အမှောင်ထဲက ကျွန်တော် **** အမှောင်ထဲက ကျွန်တော်..
လေးစားလျက်။ လမင်း
***********************************************************

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...