
***************************************
တစ်ချက်ပြုံးပြလိုက်
အဆိုးဆုံး......
အမိုက်ဆုံး.....
လူကိုတောင်
တုံ့ခနဲဖြစ်သွားစေနိုင်တယ်ဆိုတာ
မင်းတွေ့ရလိမ့်မယ်...
တစ်ချက်ပြုံးပြလိုက်
ဘယ်လောက်ကြမ်းတမ်းတဲ့
လမ်းကိုဖြတ်သန်းနေသည့်တိုင်
ပန်းခင်းလမ်းဖြစ်သွားတာကို
မင်းတအံ့တသြတွေ့ရလိမ့်မယ်....။
အပြုံးဆိုတာ
စိတ်ကိုနိုင်သူမှ လုပ်နိုင်မယ်
ဘ၀ကို နားလည်သူမှ လုပ်နိုင်မယ်
သွေးအေးသူမှလုပ်နိုင်မယ်
ဆင်ခြင်တုံတရားရှိသူမှလုပ်နိုင်မယ်..
အပြုံးတစ်ခုကို သေးသေးလေးမထင်နဲ့...။
ဒေါသနဲ့ ၀င်လာမယ့် မုန်တိုင်းတစ်ခုကိုတောင်
ရပ်တန့် နောက်ဆုတ်သွားစေနိုင်တယ်...
တစ်ချက်ပြုံးပြလိုက်
အတုမပြုံးနဲ့
အစစ်ပြုံး
ဘ၀မှာ ကောင်းကောင်းအသုံးဝင်တယ်..။
ပြုံးရမှာ..
အရမ်းခက်နေလား..း။
No comments:
Post a Comment