လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, February 16, 2012

ဘွဲ့ရအထွေထွေလုပ်သားများ ဆရာအတတ်သင်တန်း တက်ရောက်ခွင့်အတွက် အသက်ကန့်သတ်ချက် လျှော့ပေးမည်

ရန်ကုန်၊ ဇန်န၀ါရီ-၃၁
 
ပညာရေးဝန်ကြီးဌာနမှ ခန့်အပ် ထားသည့် ဘွဲ့ရအထွေထွေလုပ်သားများအား မူလတန်းပြဆရာများအဖြစ် ခန့်ထားပေးရန် ဆရာအတတ်သင်တန်း တက်ရောက်ခွင့်အတွက် အသက်ကန့်သတ်ချက် လျှော့ပေါ့ပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအေးကြူက အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။
ပညာရေးဝန်ကြီးဌာနက ခန့်ထားပြီးသော ဘွဲ့ရအထွေထွေ လုပ်သားများကို ဆရာအတတ် သင်ကျောင်းသို့ တက်ရောက်ခွင့် ရရှိစေပြီး မူလတန်းဆရာ၊ ဆရာမ အဖြစ် ပြောင်းလဲခန့်ထားနိုင်ပါက ၄င်းတို့ဘ၀ တက်လမ်းပွင့်လင်း လာမည်ဖြစ်ပါ၍  အသက်ကန့်သတ်ချက်နှင့် ကျောင်းဝင်ခွင့်စည်း မျဉ်းများ ပြင်ဆင်ချမှတ်ပေးသင့် ပါကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အမျိုးသားလွှတ်တော်တွင် အဆို တင်သွင်းခဲ့သည်။


အသက် ၄၀ မကျော်သေးသော အမြဲတမ်းဝန်ထမ်းအဖြစ် လုပ်သက် ၅ နှစ်ပြည့်ပြီးသူ ဘွဲ့ရ၀န်ထမ်းများအား ဆရာလိုအပ် သည့်ကျောင်းများသို့ စေလိုရာစေ ဆနပြုမည်ဆိုပါက မူလတန်းပြဆရာအဖြစ် ခန့်ထားပေးမည် ဖြစ်ပြီး ခန့်ထားသည့် စာသင်နှစ်တွင် မူလတန်းပြ စာပေးစာယူ သင်တန်းကို တက်ရောက်ရမည် ဖြစ်ကြောင်း    ဒုတိယ၀န်ကြီး ဦးအေးကြူ၏ ရှင်းလင်းဖြေကြားချက်ကို ဇန်န၀ါရီလ ၃၁ ရက် ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာကျွမ်းကျင်မှုဒီပလိုမာသင်တန်းများသို့ တက်ရောက်ရန် ပြင်ပဘွဲ့ရများအတွက် အသက် ၂၅ နှစ် မကျော်သေးသူဖြစ်ရန်နှင့် ဘွဲ့ရ၀န်ထမ်းများအတွက်   အသက် ၃၀ နှစ်အစား ၃၂ နှစ် မကျော်သေးသော အမြဲတမ်းဝန်ထမ်းအဖြစ် နှစ်နှစ်ပြည့်ပြီးသူ ဖြစ်ရန် သတ်မှတ်ထားသည်။ လာမည့် ပညာသင်နှစ်မှ စတင်၍ အသက် ၃၅ နှစ် မကျော်သေးသော ဘွဲ့ရအမြဲတမ်း ၀န်ထမ်းအဖြစ် လုပ်သက် ၂ နှစ်ပြည့်ပြီး၍ ကျန်းမာကြံ့ခိုင်ပြီး အားကစားဝါသနာ ပါသူများအား    အလယ်တန်း (ကာယ)ဆရာအဖြစ် အဆင့်တိုးမြှင့်ခန့်ထားမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးကဆိုသည်။

အခြေခံပညာကျောင်းများ မှ အထွေထွေလုပ်သားများ အပါအ၀င်အောက်ခြေ၀န်ထမ်းများအတွက် ဆရာအတတ် ပညာကျွမ်းကျင်မှုဒီပလိုမာသင်တန်းဝင်ခွင့် သတ်မှတ်ချက်လျှော့ပေါ့ပေးရန် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် အဆိုပြုချက် တင်သွင်းခဲ့ဖူးပြီး၊ နိုင်ငံတော်၏ ပညာရေးအဆင့်အတန်း နိမ့်ကျမှု မရှိစေရေးအတွက် လက်ရှိအစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားထားပြီးနောက် ယခုအမျိုးသားလွှတ်တော်တွင် စည်းမျဉ်းစည်းကမ်းအချို့ လျှော့ချပေးခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...