လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, February 16, 2012

ပုဂ္ဂလိကဆရာများအသင်းချုပ် ဖွဲ့စည်းရန်စီစဉ်

ရန်ကုန်၊ ဖေဖော်ဝါရီ-၁
 
ကျူရှင်ဆရာများ၊ ဘာသာရပ်သင်ဆရာများ၊ ကိုယ်ပိုင်သင်တန်းကျောင်းဆရာများဖြင့် ဖွဲ့စည်းမည့် မြန်မာနိုင်ငံပုဂလိကဆရာများအသင်းချုပ်ကို တရားဝင်ဖွဲ့စည်း တည်ထောင်နိုင်ရန် ပြင်ဆင်လျက်ရှိ ကြောင်း သတင်းရရှိသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွဲ့စည်းသွားမည့် မြန်မာနိုင်ငံပုဂ္ဂလိကဆရာများအသင်းချုပ် သည် ဆရာများ၏ အရည်အသွေးမြှင့်တင်ရေးအတွက် သင်တန်းများ ဖွင့်လှစ်ရန်နှင့် နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်၍ ဆရာဖြစ်လက်မှတ်များ ရရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လက်ရှိဥက္ကဋ္ဌတာဝန်ယူထားသော ဒေါက်တာဘိုင်အိုက ပြောသည်။


“လက်ရှိအသင်းဝင် ထောင်ဂဏန်းရှိနေပါပြီ။ ရန်ကုန်၊ မန္တလေးနဲ့ ပြင်ဦးလွင်က ဆရာ၊ ဆရာမတွေအများဆုံးပါပဲ။ အခုနွေရာသီမှာ ပြည်ထဲရေးကို တင်ဖို့လုပ်ထားတယ်။ တစ်လတစ်ကြိမ် အစည်းအဝေးလုပ်မယ်။ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး ၁၊၂ရှိမယ်။ ဗဟိုကော်မတီဝင်တွေပါမယ်။ ရေရှည်မှာဒီမိုကရေစီနည်းနဲ့ပဲ အများသဘောတူရွေးချယ်သွားမယ်။ အမြဲတမ်းအသက်ဝင်နေတဲ့ အဖွဲ့အစည်း ဖြစ်နေရမယ်”ဟု ဒေါက်တာဘိုင်ဘိုကဆိုသည်။

ပုဂ္ဂလိက ဆရာများအနေ ဖြင့် မြို့နယ်ဒေသအချို့တွင် သက်ဆိုင်ရာအသင်းအဖွဲ့အစည်းပုံစံ ဆောင်ရွက်လျက်ရှိသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တရားဝင်ဖွဲ့စည်းဆောင်ရွက်ထားခြင်းမရှိသေးကြောင်း သိရသည်။ ပြည်ထောင်စုလွှတ်တော်က ၂၀၁၁ ခုနှစ် ဒီဇင်လာလ ၂ ရက်တွင် ကိုယ်ပိုင် ကျောင်းမှတ်ပုံတင် ဥပဒေကို ပြဋ္ဌာန်းထားပြီး  ကိုယ်ပိုင်ကျောင်းဆရာများ၏ အရည်အချင်းနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ထားပြီးဖြစ်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...