လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, February 16, 2012

တက္ကသိုလ်ပညာသင်နှစ် တစ်နှစ်ထပ်တိုးခြင်း၏ နောက်ဝယ်

 
 
အစိုးရသစ်လက်ထပ်ပညာရေး ပြုပြင်ပြောင်းလဲမှုအနေဖြင့်တက္ကသိုလ်ပညာသင်နှစ်များ တစ်နှစ်စီ တိုးမြှင့်ရန် သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရေးဆွဲလျှက်ရှိသည်။ပညာသင်နှစ်များတိုးမြှင့်ရန်တိကျ သောဆုံးဖြတ်ချက်၊ကြေညာချက် ထွက်ရှိ မလာသေးသော်လည်း ယင်းအစီအစဉ်နှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ ထားပြီး ဖြစ်သလို သက်ဆိုင်ရာ တက္ကသိုလ်များတွင်လည်းကြိုတင် ပြင်ဆင်မှုများရှိနေပြီဖြစ်သည်။

တက္ကသိုလ်ပညာသင်နှစ် များကို လွန်ခဲ့သည့်ဆယ်နှစ်ကျော်က တစ်နှစ်စီလျှော့ချခဲ့ပြီးနောက် ယခုချိန်တွင်နိုင်ငံတကာ တက္ကသိုလ်များနည်းတူပညာသင်နှစ်များ ပြန်လည် သတ်မှတ်ရန်စီစဉ်နေခြင်းဖြစ်သည်။ ယခုပညာသင်နှစ်မှ စတင်၍ကွန်ပျုတာတက္ကသိုလ်ပညာသင်နှစ်များကိုတစ်နှစ်တိုးမြှင့်သတ်မှတ်လိုက်ခြင်းကြောင့် လာမည့်နှစ်တွင်     အခြားသော တက္ကသိုလ်များ၏ပညာသင်နှစ်ကို တိုးမြှင့်သတ်မှတ်မည့် အလားအလာရှိနေသည်။


ပညာသင်နှစ်များတိုးမြှင့် ရန် စီစဉ်နေခြင်းသည်တက္ကသိုလ်ပညာ သင်ယူနေကြသောကျောင်း သားများအတွက်  ကောင်းကျိုး၊ ဆိုးကျိုးသက်ရောက်မှုများရှိနေပြီး ကျောင်းသားများသာမက ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်းပညာရေး အသုံးစရိတ်များ ပိုမိုအသုံးပြုရန် လိုအပ်မည်ဖြစ်သည်။
ယင်းကဲ့သို့ အခြေအနေတွင် တက္ကသိုလ်ပညာသင်နှစ်များတိုး မြှင့်ရန် အမှန်တကယ်လိုအပ်ပါ သလား၊ မည်သည့် အကြောင်းရင်းကြောင့် ပညာသင်နှစ်တိုးမြှင့်ရ သနည်း၊  ပညာသင်နှစ်တိုးမြှင့်လိုက်ခြင်းကြောင့် ကျောင်းသားများ ပညာအရည်အသွေးမြင့် တက်လာမည်လား၊ မည်သို့သောသင်ရိုးညွှန်းတမ်းနှင့် သင်ကြားရေးနည်းစနစ်များ ပြောင်းလဲအသုံးပြု မည်နည်း၊ လက်တွေ့သိပံ္ပခန်းများအတွက် လုံလောက်သော ထောက်ကူပစ္စည်းများ အသုံးပြုနိုင်တော့မည်လား၊   ကျောင်းသားများအတွက်အကျိုး ရှိသော ပညာလေ့လာဆည်းပူးချိန်များ ပိုမိုရရှိလာတော့ မည်လား၊ ကျောင်းပြီးချိန်တွင် အလုပ်အကိုင်ခိုင်မာမှုရှိလာမည် လား စသည့်မေးခွန်းပေါင်းများစွာကကျောင်း သား၊ မိဘနှင့် ပညာရေးလေ့လာသူများအတွက်စဉ်းစားစရာ ဖြစ်လာနေသည်။

တက္ကသိုလ်ပညာသင်နှစ် ကာလလျော့ကျနေခြင်းသည် သင်ခန်းစာများကို ပြည့်စုံစွာသင် ကြားနိုင်ရန်အချိန်ကန့် သတ်ချက်ရှိနေခြင်းကြောင့် ပညာသင်နှစ်တိုးမြှင့် လိုက်ခြင်းသည် ကျောင်းသားများအတွက် အချိန်ပြည့်ပြည့်၀၀ရရှိလာနိုင်ကြောင်း တက္ကသိုလ် များတွင် နှစ်ပေါင်းသုံးဆယ်ကျော် လုပ်ကိုင်ခဲ့သောဆရာမတစ်ဦးက သုံးသပ်သည်။ “ပညာရပ်တစ်ခုကို အချိန် တိုတိုနဲ့ ဖြတ်လမ်းနည်းနဲ့သင်တာ ကစာမကြေညက်နိုင်ဘူးလေ။လေးနှစ်နဲ့သင်မှပြည့်စုံမယ့် သင် ရိုးကိုအကြောင်း ကြောင်းကြောင့် ခုနှစ်ဖြတ်သင်ရင်  သင်ရိုးထဲက တချို့အပိုင်းတွေကို ဖြတ်တောက် ပြင်ဆင်ရမှာပါ။အဲ့ဒါက အရည် အသွေးထက် အရည်အချင်းကို ဦးစားပေးခဲ့တာလို့   မြင်တယ်။ပညာရပ်တစ်ခုသင်တဲ့အခါမှာ အချိန်ယူပြီး ပြည့်ပြည့်၀၀ သင် ယူတာက အကောင်းဆုံးပါပဲ”ဟု ၎င်းကသုံးသပ်သည်။

လက်ရှိချိန်၌ တက္ကသိုလ် အချို့တွင် သင်ခန်းစာနှင့် စာသင် ချိန်မမျှတမှုကြောင့်သင်ရိုးညွှန်း တမ်းပြီးဆုံးအောင် သင်ကြားရန်အခက်အခဲကြုံတွေ့နေရသည်။ထို့ ကြောင့် ကျောင်းသားများအနေ ဖြင့်သင်ခန်းစာပြီးပြတ်ရန်နှင့်လက် တွေ့သင်ခန်းစာများအတွက် တက္ကသိုလ်မှဆရာမများနှင့် ပြင်ပ သင်တန်းကျောင်းများမှ ကျူရှင်ယူ၍လေ့ လာသင်ယူနေလျက်ရှိ ကြသည်။   

 “ကျောင်းမှာကတော့ သီအို ရီပဲသင်တာများတယ်။ဒါကြောင့် အပြင်ကကွန်ပျူတာသင်တန်းမှာ လက်တွေ့အသုံး ပြုနိုင်အောင် တက်နေတာပါ။သင်တန်းကြေးက ခြောက်လကို  (ကျပ်)သုံးသိန်းခွဲ ပေးရတယ်”ဟု ကွန်ပျုတာ တက္က သိုလ်တွင်  ဂုဏ်ထူးတန်းတက် ရောက်နေသောကျောင်းသူ တစ်ဦးကပြောသည်။ အဆင့်မြင့်ပညာများသင် ကြားပို့ချနေသော တက္ကသိုလ်၊ ကောလိပ်များတွင် ပညာသင်ယူနေသော  ကျောင်းသားများသည်အသက်မွေး ၀မ်းကျောင်း ဘာသာရပ်မှစ၍  ၀ိဇာနှင့် သိပံ္ပဘာသာရပ်များထိ ကျောင်းပြင်ပတွင် ကျုရှင်တက်ရောက်နေကြသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...