လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, July 13, 2012

လှပတဲ့ သတို့သမီးလေးဖြစ်စေဖို့

မင်္ဂလာဆောင်မဲ့ သတို့သမီးများအတွက် ထိန်းသိမ်းနည်းတွေနဲ့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ဖို့ ဖော်ပြလိုက်ပါတယ်။

လက်သည်း
လက်သည်းအလှအတွက် မင်္ဂလာပွဲ မတိုင်ခင်တစ်ရက် အလိုလောက်မှ အလှပြင်၊ ညှပ်တာပိုပြီး လတ်ဆတ် လှပစေပါတယ်။ နောက်တစ်ချက်က လက်သည်းအရောင် ဆိုးတဲ့အခါ အရောင်တောက်တောက်တွေ ရှောင်ရှားပေးပါ။

အသားအရေထိန်းသိမ်းဖို့
တစ်နေ့ကို လိမ္မော်သီး ၃-၄ လုံးလောက်စားသုံးပေးပါ။ ကျန်းမာပြီး ရွှမ်းစိုတဲ့ အသားအရေ ရဖို့အတွက် ဗီတာမင်စီဟာ မရှိမဖြစ်လိုအပ်ပါတယ်။
မနက်နဲ့ညတစ်ကြိမ်စီ Cleanser, Mositurzer တို့ သုံးပေးပါ။ မနက်ပိုင်းမှာ Cleanser သုံးပြီး ညပိုင်းမှာ မိတ်ကပ်ဖျက်တဲ့ဟာနဲ့ ပြန်ဖျက်ဖို့ မမေ့ပါနဲ့။
နေပူထဲမထွက်ခင် မိနစ်နှစ်ဆယ် အလိုလောက်ကစပြီး နေရာင်ကာ ခရင်မ်လိမ်းပေးပါ။ ထီးဆောင်းပါ။
ဗြူတီပါလာ သွားလေ့ရှိတယ်ဆိုရင် တစ်လတစ်ကြိမ်သွားပြီး မျက်နှာကို ပေါင်းတင်ပေးပါ။
နေ့စဉ်မိနစ်နှစ်ဆယ်ခန့် ကာယလေ့ကျင့်ခန်းတစ်ခုခု ပြုလုပ်ပေးပါ။ ဝက်ခြံနဲ့ ကြာဆူး တွေဟာ စိတ်ဖိစီးမှုကြောင့်လည်း ထွက်လေ့ရှိပါတယ်။ အဲဒါကြောင့် စိတ်ဖိစီးမှု မဖြစ်အောင်နေပါ။ မင်္ဂလာပွဲမတိုင်ခင် လေးငါးရက်အလိုကတည်းက မျက်နှာကို ပေါင်းတင်ထားရင် ပိုအဆင်ပြေပါတယ်။


သကြားဟာ အရေပြားကို ထုံမှိုင်းပြီး တွန့်လွယ်စေတယ်။ တွဲကျစေတယ်။ သကြားစားတာ လျှော့ပေးပါ။
အသားအရေကို နှိပ်နှယ်ပေးပါ။ နေ့စဉ်နှိပ်နှယ်ပေးတာ ပိုကောင်းပါတယ်။ ယောဂလို လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးရင် ပိုကောင်းပါတယ်။ မင်္ဂလာပွဲနဲ့ နီးလာတဲ့အချိန်မှာ အလှကုန်အသစ်တွေ စမ်းတာတွေမလုပ်ပါနဲ့။
မင်္ဂလာပွဲမတိုင်ခင် ရက်အနည်းငယ်အလိုမှာ အငန်တွေလျှော့စားပါ။ အလွန်အကျွံ စားတာမျိုး မလုပ်မိပါစေနဲ့။

ကေသာထိန်းသိမ်းဖို့
တစ်ပတ်တစ်ကြိမ်လောက် အုန်းဆီ၊ သံလွင်ဆီနဲ့ လိမ်းပေးပါ။ မင်္ဂလာပွဲနေ့မှာ ခေါင်းမလျှော်ပါနဲ့။
အရေးအကြီးဆုံးအချက်တစ်ချက်ကျန်ပါသေးတယ်။ အဲဒါကတော့ မင်္ဂလာပွဲနေ့မှာ ပျော်ပျောနေပေးဖို့ပါ။ ဒီနေ့ဟာ ပျော်ရွှင်မှုတွေ ဆောင်ကျဉ်းလာမယ့်နေ့ဖြစ်တာမို့ နေ့အစကတည်းက ပျော်ပျော်လေးနေပေးပါ။ ပျော်စရာတွေပဲ တွေးနေပါ။ ဟာသတွေ ပြောပါ။ မင်္ဂလာပွဲအတွက် ဆံပင်ဒီဇိုင်းကို ဝတ်စုံကြည့်ပြီးမှ ဆင်ပါ။ ဆံပင်ဒီဇိုင်းကို ကြည့်ပြီးမှ တွဲဖက်ကေသာ ပစ္စည်းလေးတွေကို ဆင်မြန်းပါ။ ပန်းကအစ ခေါင်းညှပ်အဆုံး ဖြစ်ပါတယ်။

မင်္ဂလာဓာတ်ပုံအတွက်
ဓာတ်ပုံရိုက်တဲ့အခါ ကင်မရာဘက်အနည်းငယ် ယိမ်းပေးပါ။ နောက်ကို သိပ်မယိမ်းပါနဲ့ လည်ပင်းအရေးအကြောင်းတွေ၊ မေးစေ့နှစ်ထပ်တွေ စတဲ့အားနည်းချက်တွေကို ဖုံးဖို့ အတွက် ကင်မရာရှိတဲ့ ဘက်ခြမ်းကို ယိမ်းပြီးမှ ပို့စ်ပေးပါ။ မင်္ဂလာပွဲပြီးလို့ ရိုက်တဲ့အခါ နေရာသိပ်မများပါနဲ့။
ကိုယ်ရိုက်ချင်တဲ့ နေရာတွေကို ကြိုပြီးတော့ ရွေးထားပါ။ ဓာတ်ပုံဆရာနဲ့ ကြိုပြောထားပါ။ တွဲရိုက်သင့်တဲ့သူတွေကို မမေ့ပါစေနဲ့။ စာရင်းနဲ့ ချရေးထားရင် ပိုအဆင်ပြေပါတယ်။ Indoor ရိုက်တဲ့အခါ Lighting ကို Romantic ဆန်ဆန်ဖြစ်အောင် ဖန်တီးပေးဖို့ ဓာတ်ပုံ ဆရာကို အကြံပြုပါ။ ပြတင်းပေါက်နည်းတဲ့ အခန်းမျိုး၊ မျက်နှာကျက်မြင့်တဲ့ အခန်းမျိုးမှာ မရိုက်မိပါစေနဲ့။

နေရောင်နဲ့ တိုက်ရိုက်ကျတဲ့နေရာမှာလည်း မရိုက်မိပါစေနဲ့။ အပြင်မှာ ရိုက်တဲ့အခါ Lighting အတွက် နေမဝင်မီ ၁-၂နာရီကြားဟာ အကောင်းဆုံးဖြစ်ပါတယ်။ ပန်းစည်းကိုင် ပြီးတော့ မရိုက်ပါနဲ့ အဝတ်အစားရဲ့ ဒီဇိုင်းအသားပေး ဖော်ပြဖို့အတွက် ပန်းစည်းကို အောက်ချပြီး ရိုက်တာပိုကောင်းပါတယ်။

ဖြစ်လေ့ရှိသည့် အချက်များ
မင်္ဂလာပွဲမှာ ဖိနပ်က ဒုက္ခပေးတတ်ပါတယ်။ ဒေါက်မြင့်ဖိနပ်ဟာ ကျိုးတတ်၊ ပျက်စီးတတ်၊ ပေါက်တတ်ပါတယ်။ သတိထားပါ။ မိတ်ကပ်ဆရာဆီ နောက်ကျပြီး သွားရတာမျိုး ဖြစ်တတ်ပါတယ်။ ပွဲကို နောက်ကျပြီး ရောက်သွားတတ်ပါတယ်။ အဲဒါဆို စိတ်ဖိစီးမှုဖြစ်ပြီး ကသိကအောက် ဖြစ်ရတတ်ပါတယ်။ လှပတဲ့ သတို့သမီးလေးနဲ့ လှပတဲ့ မင်္ဂလာပွဲဖြစ်စေဖို့ ဆန္ဒပြုရင်း . . .

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...