လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, July 13, 2012

စက်ဘီးစီးမယ်ဆိုရင်


စက်ဘီးစီးတဲ့ လေ့ကျင့်ခန်း ပြုလုပ်ချင်တယ်ဆိုရင်တော့ အရင်ဆုံး စက်ဘီးစီးတတ်ဖို့ လိုပါတယ်။ စက်ဘီးစီးတက်ပြီးသားလို့ ယူဆပြီး စက်ဘီး စီးခြင်းဆိုင်ရာ နည်းပြ အိန်ဂျဲလ်လင်းက အောက်ပါအကြံဥာဏ်တွေကို ဖော်ပြပေးထားပါတယ်။
လိုအပ်သော အသုံးအဆောင်များ

၁။ စက်ဘီး
စက်ဘီးဟာ အလေးချိန်ပေါ့ပါးပြီး သက်သောင့်သက်သာ စီးနင်းနိုင်မယ့် ခပ်ကျယ်ကျယ်တာယာမျိုး ပါရှိသင့်ပါတယ်။

၂။ ဦးထုပ်

စက်ဘီးစီးသူအတွက် သင့်တော်တဲ့ ဦးထုပ်မျိုးဟာ မျက်ခုံးအထက်နေရာအထိ လုံတဲ့ ဆိုင်ကယ်စီး ဦးထုပ်မျိုးဖြစ်သင့်ပါတယ်။ မေးသိုင်းကြိုးကို ခိုင်ခံ့အောင် ချည်နှောင်နိုင်ရပါမယ်။

၃။ ဝတ်စုံ

အင်္ကျီဟာ ပေါ့ပါးပြီး သက်သောင့်သက်သာရှိမယ့် ချည်သားမျိုး ဖြစ်သင့်ပါတယ်။ ထိုင်ခုံပေါ်ထိုင်တဲ့အခါ အိတ်တွေနဲ့ ရှုပ်ထွေးတဲ့ဘောင်းဘီမျိုး ရှောင်ပါ။ တခြားလိုအပ်တာတွေကတော့ အားကစားစီး ရှူးဖိနပ်နဲ့ ခြေအိတ်ပဲ ဖြစ်ပါတယ်။



သွေးပူလေ့ကျင့်ခန်း
စက်ဘီးမစီးခင် ခြေထောက်ကို ရှေ့၊ နောက်လွှဲယမ်းခြင်း၊ ဘေးတိုက်လွှဲယမ်းခြင်း၊ ပခုံးကို မြှင့်လိုက်၊ နိမ့်လိုက် ပြုလုပ်ခြင်းနဲ့ စက်ဘီးနှေးနှေး စီးခြင်းဆိုတဲ့ သွေးပူလေ့ကျင့်ခန်းကို ၁၀ မိနစ်ခန့် ပြုလုပ်ပေးပါ။

စက်ဘီးစတင်စီးသူများအတွက် လမ်းညွှန်ချက်

တစ်ပတ်မှာ တစ်ကြိမ်၊ နှစ်ကြိမ်သာ စက်ဘီး စတင်စီးပါ။ စတင်စီးခါစမှာ လူအသွားအလာရှင်းပြီး ပြန့်ပြူးတဲ့ မြေပြင်ပေါ်မှာ စီးပါ။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှသာ လမ်းပေါ်မှာ စက်ဘီးစီးသင့်ပါတယ်။ လမ်းစည်းကမ်းနဲ့ ကျင့်ဝတ်တွေကို သိမှသာ လူသွား၊ ယာဉ်သွားတဲ့လမ်းမှာ စက်ဘီးစီးပါ။

စက်ဘီးစီးနိုင်တဲ့ ကြာချိန်က လူတစ်ဦးချင်းစီအလိုက် အပြောင်းအလဲ ရှိပါတယ်။ စတင်စီးခါစမှာ သက်လုံမကောင်းသေးဘဲနဲ့ ခရီးဝေးကို မစီးသင့်ပါဘူး။ သက်လုံကောင်းပြီး စက်ဘီးကို ကောင်းကောင်း ထိန်းချုပ်နိုင်မှသာ တာဝေးခရီးကို စီးသင့်ပါတယ်။

ကိုးကားသမျှ ရိုးရိုးသားသား ပြန်လည် မျှဝေလိုက်ပါတယ် .. လေးစားလျက် (လမင်း)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...