လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, July 13, 2012

လွယ်အိတ်ထဲက ခဲတံ ၊ ဘောပင် ၊ ပေတံ ၊ စာအုပ် လေး

ချစ်သူ 

မင်းငယ်ငယ်တုန်းက
ခုန်ပေါက်ရင်း ဒို့အတူ ပြေးလွှာသွားတဲ့
ကျောင်းကြီးနဲ့အတူ
မင်းကိုတိုင် လွယ်ထားတဲ့
လွယ်အိတ်လေးထဲက
ဘောပင် ၊ ခဲတံ ၊ ပေတံ ၊ စာအုပ် ဘ၀လေး..
ငါရချင်နေခဲ့တာ
ငါ့မျှော်လင့်ချက် ကမ္ဘာလေးပါ

ငယ်ကချစ် ကြီးမှ နှစ်တစ်ရာလို့
စကားတွေရှိသောလည်း
မင်းရဲ့ ပြောင်းလဲ မြန်ဆန်လွန်းလှတဲ့
စိတ်တွေကို ငါအံ့သြတယ် ချစ်သူ..



ငါ့မှာတော့ သစ္စာစကားတွေနဲ့ ချစ်ပါတယ်ဆိုတဲ့စကားတွေ
ကျမ်းစူးပြီး ကျိန်ကာပြ
နင်က ... အခုတော့
မီးရောင်စုံလင်းတဲ့ .. တိုက်ခန်းကြီးတွေ
ကားကြီးတွေ ဥစ္စာဓန ပစ္စည်းတွေ ပေါကြွယ်ဝတဲ့
လူတွေရဲ့ စကားလောက်ကို ယုံတော့

ငါ ချစ်ပါတယ်ဆိုတဲ့ အရိုးသားဆုံး အမြတ်နိုးဆုံး
မေတ္တာစကားတွေက ဘယ်အရာထင်တော့မလဲ
ရပါတယ်...


ငယ်ဘ၀မှာ ငါသေလောက်အောင်
နင့်ကို ကြွေကာပြခဲ့ပြီးပဲ
ကျန်တာတော့ ရင်နာမဆုံး

နင်အခု သုံးနေတဲ့ ပခုံးထက်က
ရိုးသား ဖြူစင်တဲ့ ကျောင်းတုန်းက လွယ်အိတ်လေးမဟုတ်တော့ဘူး
ခေတ်ပေါ် စလင်းပတ်အိတ်ကြီး ဖြစ်နေပြီကို ...



မှတ်ချက် ( အရိုးသားဆုံးနဲ့ အမြတ်နိုးဆုံး ချစ်တတ်တဲ့ ယောက်ျားလေးတွေရဲ့ အချစ်တွေက မိန်းကလေးများနှင့် မထိုက်တန်ပါ.. )
လေးစားလျက် (လမင်း) ....

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...