လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, July 13, 2012

အမျိုးသားများအတွက် ရုံးတက် Fashion Style


အမျိုးသားအများစုအတွက် ရုံးတက်ရာမှာ ဖက်ရှင်ကျစေဖို့ ဝတ်ဆင်နိုင်တဲ့ ဒီဇိုင်းလေးတွေကို အကြံပြုလိုက်ပါတယ်။ လူပုံအလယ်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေစေကာ စမတ်ကျနေစေမယ့် ဝတ်စားဆင်ယင်မှု ပုံစံလေးတွေပဲဖြစ်ပါတယ်။ ခေတ်မီတဲ့ အမျိုးသားတိုင်းအတွက် အကြိုက်တွေ့စေမှာပါ။

ယူနီဖောင်းဝတ်ရသူဆိုရင်
အမျိုးသားတွေအတွက် ရုံးယူနီဖောင်းတွေမှာ ကုတ်အင်္ကျီကိုသာ ဆင်တူဝတ်စုံအဖြစ် ထားတတ်ကြပါတယ်။ ကုတ်အင်္ကျီမှာ အနက်နဲ့ အပြာကိုသာ သတ်မှတ်လေ့ရှိကြပါတယ်။ အနက်နဲ့ အပြာအတွက်အတွင်းက ဝတ်သင့်တဲ့ အင်္ကျီဟာအနက်နဲ့ ကာကီရောင်လိုင်းစင်းတွေ ဖြစ်သင့်ပါတယ်။ ဒါဆို စတိုင်ပန် ဘောင်းဘီအကျပ်လေးတွေနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

နက်ခတိုင်ရွေးမယ်ဆိုရင်
ဘယ်အဝတ်အစားအရောင်နဲ့မဆို လိုက်ဖက်မှုရှိတဲ့ အပြာရောင်နက်ခတိုင်ကိုရွေးချယ်ပါ။ အပြာရောင်နက်ခတိုင်က ဘယ်လိုအဝတ်အစားအရောင်နဲ့ပဲ ဖြစ်စေ သဘာဝကျစေပါတယ်။


စကင်ဘောင်းဘီရွေးချယ်ပါ
အပြာရောင်တီရှပ်၊ နက်ပြာရောင်ဘောင်းဘီကို အညိုရောင် ရှူးဖိနပ်နဲ့ တွဲဖက်ဝတ်ဆင်ပေးပါ။ အညိုရောင်ဖိနပ်ဆိုရင်၊ အညိုရောင်ခါးပတ်ကို ရွေးချယ်ပါ။

မရှိမဖြစ်နာရီ

အမျိုးသားတွေအတွက် မရှိမဖြစ်တဲ့ တခြားဖြည့်စွက်အလှဆင်ပစ္စည်းကတော့ နာရီပါပဲ။ ရုံးဝန်ထမ်းတစ်ယောက်အတွက် နာရီကောင်းကောင်း တစ်လုံးလောက်တော့ ရှိသင့်ပါတယ်။ အချိန်ကို အလေးထားရာရောက်သလို၊ စမတ်လည်းကျစေပါတယ်။

ခါးပတ်ကောင်းကောင်းတစ်ခု
ဘယ်လိုအဝတ်အစားနဲ့မဆို လိုက်ဖက်မှုရှိစေမယ့် အညိုရောင်နဲ့၊ အနက်ရောင် ခါးပတ်နှစ်ချောင်းလောက်တော့ ဆောင်ထားသင့်ပါတယ်။ နေ့စဉ်ရုံးတက်၊ ရုံးဆင်းမှာ သင့်အတွက် စတိုင်ကျနေမှာပါ။

ယူနီဖောင်းမရှိသူဆိုရင်
ယူနီဖောင်းမရှိတဲ့ ရုံးအတွက်ကတော့ စမတ်ကျနေစေမယ့် ဝတ်စားဆင်ယင်မှုဖြစ်စေဖို့ လိုင်းစင်းပါတဲ့ ရှက်အင်္ကျီတွေကို ရွေးချယ်တာက ဂျင်းဘောင်းဘီနဲ့ဖြစ်စေ၊ စတိုင်ဘောင်းဘီနဲ့ဖြစ်စေ၊ စကင်နဲ့ဖြစ်စေ လိုက်ဖက်မှုရှိပါတယ်။

လက်ကိုင်အိတ်
ရုံးတက်နေတဲ့ အမျိုးသားတစ်ယောက်အတွက် လက်ကိုင်အိတ်ကတော့ မရှိမဖြစ်ပါပဲ။ စာရွက်စာတမ်းနဲ့ ဖိုင်တွဲတွေအပြင် လိပ်စာကတ်တွေပါ ထည့်လို့ရတဲ့ လက်ကိုင်အိတ်ကောင်းကောင်း တစ်လုံးတော့ လိုပါတယ်။

စားပွဲပေါ်မှာ
အလုပ်စားပွဲပေါ်မှာ သင့်အတွက် စိတ်အပန်းပြေစေမယ့် ဓာတ်ပုံတင်ထားတာမျိုး၊ သင်က ကံကောင်းတယ်လို့ ယုံကြည်ထားတဲ့ အဆောင်လေးတွေ တင်ထားတာမျိုး၊ သင်ချစ်တဲ့ တိရစ္ဆာန်အကောင်ပုံလေးတွေ တင်ထားတာမျိုးက သင့်စားပွဲကို ဆွဲဆောင်မှုရှိစေတဲ့အပြင် အပျင်းလည်းပြေစေပါတယ်။
သိသမျှ ကိုးကားသမျှ ပြန်လည် ဝေမျှလိုက်ပါသည် လေးစားလျက် (လမင်း)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...