သံသရာတစ်လျောက်မှာ
အဖန်တစ်ရာ သေလောက်တဲ့ ဒဏ်ရာတွေနဲ့
လူငယ်တစ်ယောက် လမ်းတွေ ပျောက်ရှခဲ့ရ...ပြီ
သူရဲ့ .. ဘ၀ သူ့ရဲ့ ... အလှ
သူရဲ့ .. အလင်း သူ့ရဲ့ ... နံနင်ခင်းတွေလည်း
ဘာတစ်ခုမှ လင်းလင်းထင်းထင်း မရှိတော့ဘူး...
သူ့ရဲ့ နှလုံးသားထဲမှာတော့
သူ့ရဲ့ အချစ်က .. သူ့ ဘဝ
သူ့ရဲ့ အချစ်က .. သူ့ အလှ
သူ့ရဲ့ အချစ်က .. သူ့ အလင်း
သူ့ရဲ့ အချစ်က .. သူ့နံနက်ခင်းလို့
ထင်မှတ်ခဲ့ပေမယ့် ...
အချစ်ရဲ့ နေ၀င်ခြင်း နိယာမတွေ သိမသွားခဲ့ဘူး...
နောက်ဆုံးတော့
ရင်ထဲရှိသမျှကို ရွက်ကုန်လည်း မလွင့်တော့ဘူး
တက်ကုန်လည်း မလှော်တော့ဘူး
ရေစုန်မှာပဲ မျှောလိုက်တော့တယ်
ကပ်ချင်တဲ့ ကမ်းကပ်
ကပ်သမျှ .. .ကမ်း
အလွမ်းချည်းပဲ .. လေ
သေးသိမ်သောတစ်ထောင့်တစ်နေရာက (လမင်း)

No comments:
Post a Comment