လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, July 13, 2012

ဆိုဒ်ကြီး ဂိုက်ကြီး ဘော်ဒီများအတွက် ဖက်ရှင်

ကိုယ့်ရဲ့ ဖက်ရှင်ကို ဘယ်လိုဆင်မလဲ ဆိုတာ ထိုင်မစဉ်းစားခင် ကိုယ့်ရဲ့ ဘော်ဒီ အနေအထားကို ကောင်းစွာ သိနေဖို့ဟာ လွန်စွာအရေးကြီးလှတဲ့ အချက်ဖြစ်ပါတယ်။

ဆိုဒ်ကြီးခြင်းဆိုသည်မှာ

ကိုယ်ထည်အရိုးအဆစ်ကြီးမားတဲ့ ခန္ဓာကိုယ် ပိုင်ရှင်တွေဟာ အမျိုးအစား အတော်လေး ကွဲပြားလှပါတယ်။ အရပ်ရှည်ရှည်နဲ့ မြင့်မားထောင်မောင်းတဲ့ စိုးမြတ်သူဇာလိုမျိုး၊ ဝဝပုပုနဲ့ ကိုယ်ထည်ဆိုဒ်ကြီးတာက တစ်မျိုး၊ ဗလတောင့်တောင့်နဲ့ကတစ်မျိုး စသဖြင့် အမျိုးအစားက အတော်လေးကွဲပြားပါတယ်။ ယေဘုယျအားဖြင့် မိမိကိုယ်ကို ဆိုဒ်ကြီးထဲကမှန်း ဘယ်လိုသိနိုင်သလဲဆိုရင် သာမန်ဆိုဒ်ထက် ကြီးတယ်ဆိုရင် ဆိုဒ်ကြီးထဲကလို့ ယူဆရမှာ ဖြစ်ပါတယ်။
ဘယ်ဘော်ဒီအမျိုးအစားပဲဖြစ်ဖြစ် အဝတ်အစား ဝယ်ယူတဲ့နေရာမှာ ဒီဇိုင်း၊ အဆင်လှတာထက် ကိုယ်တိုင်းကျဖို့ကို အရင်ဆုံး ဦးစားပေးထားပြီး ရွေးချယ်ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းဟာ အထူးသဖြင့် ဆိုဒ်ကြီးတဲ့လူတွေအတွက် ပိုပြီးတော့ သင့်တော်ပါတယ်။



ကိုယ်ဟန်အနေအထား
အရပ်ရှည်စေတဲ့ အဝတ်အစား၊ ဖက်ရှင်၊ ဒီဇိုင်းမှန်သမျှ လူကို ပိန်သွယ်လျစေတဲ့ သဘောရှိပါတယ်။ မတ်မတ်ရပ်ခြင်း၊ မတ်မတ်ထိုင်ခြင်းတို့ဟာ ကိုယ်အလေးချိန် ဝိတ်ကို ပေါင်အနည်းငယ် လျော့ကျ သွားစေသလို ထင်စေပါတယ်။ ဒါကြောင့် ဖိနပ်ကို အထူလေးတွေ ဝတ်ပေးသင့်ပါတယ်။ အထိုင်၊ အထ၊ အသွားအလာတို့မှာလည်း ခန္ဓာကိုယ် အနေအထားကို ကောင်းမွန်စွာ ထားရှိဖို့ လိုအပ်ပါတယ်။

သပ်ရပ်ခြင်း
မျက်နှာအမွှေးအမျှင်၊ ဆံပင်တို့ကို သပ်ရပ်စွာ ညှပ်၊ ဖြီးသင်ထားခြင်းဟာလည်း ဝိတ်အလေးချိန်ကို မထင်မရှား ဖြစ်သွားစေပါတယ်။ ဆံပင်ဖြီးတဲ့ အခါမှာလည်း ပိုပြီးတော့ ဝတဲ့၊ ကြီးတဲ့ ဘော်ဒီတွေနဲ့ လိုက်ဖက်သင့်တော်ပါတယ်။

အရောင်အသွေး
သာမန်အားဖြင့် ကိုယ်ထည်ကြီးမားတဲ့ သူတွေအနေနဲ့ အနက်ရောင်ကို အသားပေး ဝတ်ဆင်သင့်ပါတယ်။ အနက်ရောင်၊ အညိုရောင်၊ မီးခိုးရောင်၊ အပြာရောင် စတာတွေကို ရွေးချယ် ဝတ်ဆင်သင့်ပါတယ်။ အရောင်အသွေးကို နှစ်မျိုး၊ သုံးမျိုး တွဲဖက် ဝတ်ဆင်တော့မယ်ဆိုရင် အနက်ရောင် စတဲ့ အပေါ်ကပြောတဲ့ အရောင်တွေကို ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး၊ အထင်ရှားဆုံး၊ အစိတ်အပိုင်းနေရာကို ဖုံးလွှမ်းပေးပါ။ ဥပမာ-ဗိုက်ရွှဲတယ်ဆိုရင် အပေါ်ပိုင်းကို အနက်ရောင် ဝတ်ပြီး အောက်ပိုင်းကို အခြားတွဲဖက်အရောင် ဝတ်ဆင်ပေးပါ။ နောက်ပြီး ကျန်တဲ့ အစိတ်အပိုင်းတွေ အတွက် အရောင်အုပ်စု တစ်အုပ်စုတည်းက အရောင်တွေနဲ့ တွဲဝတ်ပေးပါ။ ဆန့်ကျင်ဘက် အရောင်တွေများရင် ကိုယ်ထည်ကြီးမားတဲ့အတွက် နှစ်ခုကို ပိုင်းဖြားလိုက်သလို ဖြစ်ပြီး ကိုယ်ထည်ကြီးမားတာကို ပိုထင်လင်းသွားစေလို့ ဖြစ်ပါတယ်။

ရှောင်ရန် အဝတ်အစားများ
ဘော်ဒီဆိုဒ်ကြီးတဲ့သူတွေဟာ ခေတ်ပေါ်အဝတ်အစား၊ ခေတ်ရေစီးကြောင်းနဲ့ အလိုက် ခေတ်စားနေတဲ့ ဖက်ရှင်တွေကို ခေတ်ထသလို ဝတ်ဆင်လို့ မရပါဘူး။ ခေတ်ပေါ်အဝတ်အစားတိုင်း ဆိုဒ်ကြီး ဘော်ဒီတွေနဲ့ လိုက်ဖက်မှုမရှိပါဘူး။ ဆိုဒ်ကြီးသမားတွေဟာ ပွပွ အဝတ်အစားတွေနဲ့ လိုက်ဖက်တယ်လို့ထင်တာဟာ မှားပါတယ်။ မဟုတ်ပါဘူး။ ပိုလို့တောင် ဝိတ်တိုးလာတဲ့ပုံစံ ပေါက်သွားစေပါတယ်။

ဆောင်ရန်များ
အရောင်ထဲမှာဆိုရင် အနက်ရောင်လေးတွေ များများဝတ်ပေးပါ။ ဝတ်ရင်လည်း ရေမွှေးကောင်းကောင်းလေး ဆွတ်ပေးပါ။ အဝတ်အစားတွေထဲမှာ ဗွီရှိတ်တီရှပ်၊ ဆွယ်တာတို့ကို ဝတ်ဆင်ပေးပါ။ ယောက်ျား၊ မိန်းမ မရွေး ဖိနပ်အမြင့်တွေ စီးပေးပါ။ ရေပြင်ညီ အစင်းကြောင်းတွေပါတဲ့ အဝတ်အစားတွေ ဝတ်ဆင်ပေးပါ။

ပုပြီးဝသော၊ ဆိုဒ်ကြီးသောသူများအတွက်

ပုပြီး ဝလို့ ခါးပတ်ကို အကြီးကြီးတွေ ဝတ်ဖို့ မလိုပါဘူး။ ခါးပတ်ကို အသေး၊ အသွယ်၊ အနံကျဉ်းတဲ့ ခါးပတ်တွေသာ ဝတ်ဆင်ပေးပါ။ ပုတဲ့အတွက် ဦးထုပ် ဖက်ရှင်ကို အသားပေးပြီး ဝတ်ဆင်ပေးပါ။ ကော်လံကို အချွန်လေးတွေ ဝတ်ပေးပါ။ ဆံပင်ကိုလည်း အတိုလေး ထားသင့်ပါတယ်။ အမျိုးသမီးများအတွက် ဖိနပ်ဆိုဒ်ကို ½ or 1 လက်မအမြင့် ဒေါက်လေးစီးသင့်ပါတယ်။
ရိုးရိုးသားသားပြန်လည် မျှဝေလိုက်ပါတယ် (လေးစားလျက် (လမင်း)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...