ဟိုင်း .. ချစ်သော် သူငယ်ချင်းတို့ရေ...
ဒီနေ့တော့ ကျွန်တော်ကိုယ်တိုင်လဲ.. ကျွန်တော့်သူငယ်ချင်းလိုပဲ ထပ်တူခံစားလိုက်ရပါတယ်...
ကျွန်တော့်
သူငယ်ချင်းရဲ့ ၀မ်းနည်းတဲ့ မသိစိတ်ထဲမှာ.. နွေးထွေးတဲ့
လက်တစ်စုံပျောက်ကွယ်နေတယ်လို့ သူကိုယ်တိုင် ...ခံစားနေရတယ်..ထို့အတူ
သူ့စကားတစ်ချို့တစ်ဝက်ကြောင့်လဲ.. .ကျွန်တော်လဲ ထပ်တူ ထပ်မျှ
ခံစားမိလိုက်ပါတယ်....
သူနဲ ကျွန်တော် စုံမိတဲ့အခိုက်ပေါ့ .. သူပုံစံက မသိရင် .. အပြင်ပိုင်းမှာ ပျော်ရွှင်စွာနေထိုင်တယ်လို့.. ထင်ရပင်မဲ့...
သူ့ရဲ့.. ပျောက်ကွယ်နေတဲ့ နွေးထွေးမှု လက်တစ်စုံက ... သူ့မိသားစုကြားကပဲ...
သူ ၀မ်းနည်း အားငယ်တဲ့အခိုက်.. သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ကို ရင်ဖွင့်လေ့ ရှိတတ်တယ်..
ဒါပင်မဲ့ သူတော်ပါတယ်.. အခုဆို.. ဘွဲ့ယူဖို့အတွက်..တောင် ပြင်ဆင်ထားပီးပီလေ...
အခက်အခဲဆိုတာ လူတိုင်းရှိစမြဲပါပဲ... ဒါပင်မဲ့မတူညီတဲ့ အပြင်နဲ့ အတွင်း အခက်အခဲနှစ်ခုကြားက ..
အစိုးရွားဆုံးကတော့ စိတ်ဓာတ်ကိုပါ.. ပြောင်းလဲနိုင်စေတဲ့ .. မိသားစု အခက်အခဲပေါ့...
သူလိုချင်တဲ့ ... နွေးထွေးမှုတွေက .. ဘယ်လိုလဲဆိုတော့ ..
သူတို့ မိသားစုက ပြည့်စုံတယ်လို့မဆိုပါဘူး.. သာမန်ဘ၀ထဲက လောကဒဏ်ကို .... တွန်းလှန်နေတဲ့ မိသားစု ပမာပါ..
ဘယ်လို ကိစ္စနဲ့ပဲ သူကြုံတွေ့ခဲ့ပါစေ.. သူလိုချင်တဲ့ စိတ်ထဲမှာတော့ ...
အိမ်ပြန်ရောက်တာနဲ့ .. မိသားစုကပေးတဲ့ နွေးထွေးတဲ့ စကားသံတွေ... အဖေ အမေ တို့နှစ်ယောက်ကြား..
ချွဲနွဲ့ပူဆာတာတွေ သူလိုချင်၊ ပြောချင်နေတယ်.. ဒါပင်မဲ့ .. လက်ရှိမှာတော့ ... သူတောင်းတတဲ့.. ဘ၀မျိုးက ..
သူ့စိတ်ကူးထားသလိုမဟုတ်ပဲ... ဆန့်ကျင်ဘက် .. လေးဖြစ်နေတယ်..